Friday, 26 June 2015

ကဗျာ(၅)

Min Kyan > စာပေ၊ကဗျာချစ်သူများစုဝေးရာ(အချစ်စစ်နှင့်သူငယ်ချင်းများ)
ပြိုင်ပွဲဝင်မည့် ကဗျာ
~~~~~~~~~~~

ဓူဝံကိုပန်ခူးမယ့် ကဗျာဟာ
ကမ္ဘာမြေမှာ ခြေတစ်ဖက်စာနေရာယူထားလေရဲ့
တကယ်တော့ သူမဟာ
နတ်ဆိုးကျိန်စာ မိနေသူတစ်ယောက်၊
စွန်းထင်းညစ်ထေးနေတဲ့ မဟူရာသက္ကရာဇ်တွေကို
တစ်ပွေ့တစ်ပိုက်စာထမ်းပိုးရင်း
မုသားစစ်စစ်တွေကို သေကောင်ပေါင်းလဲသုတ်သင်နေခဲ့သူ ။

နေဝန်းကအသူတရာမကတဲ့ချောက်ထဲခုန်ဆင်းနေခဲ့ပေါ့
သူမကတော့
ခေါင်းပန်းမှားတဲ့ကြေးပြားတစ်စေ့ကြောင့်
လျော်ကြေးထပ်ခဲ့ရတာတောင်အမှတ်မရှိ
သားစာသမီးစာတဲ့လေ
ငွေရည်စိမ်သံမဏိတစ်ပြားစာ
ပြိုင်ပွဲဝင်ဦးတော့မည့် ကဗျာ ။ ။

မင်းကျန် ( ချောက် )
Photos from Min Kyan's post in စာပေ၊ကဗျာချစ်သူများစုဝေးရာ(အချစ်စစ်နှင့်သူငယ်ချင်းများ) · 14 June ·

ကဗျာ(၄)

စာပေ၊ကဗျာချစ်သူများစုဝေးရာ(အချစ်စစ်နှင့်သူငယ်ချင်းများ)
14 June at 00:33 ·
“ဆွံ့အနေသော ဇာတ်ကောင် ”
˝˝˝˝˝˝˝˝˝˝˝˝˝˝˝˝˝˝˝˝
ပြက္ခဒိန်ပေါင်းများစွာကို
ဝါးမျိုခဲ့တဲ့လက်ချောင်းငယ်တွေလေ
ရဲတိုက်တစ်ခုဖန်ဆင်းဖို့
အင်္ကျီလက်ပွပွ အတွင်းသားနံရံမှာ
တောက်ပစွာ နေ့ခင်းအိပ်မက်လှလှတွေ
ညတိုင်းမက်ခဲ့ရတယ် ။
ညဥ့်လည်းနက်ပါပြီ
ကော်ဖီခါးခါးတစ်ခွက်နဲ့မိတ်ဖွဲ့ရင်း
ကဗျာငယ်လှော်ခတ်
ခြေစုံရပ်လိုက်တော့မှ
အိုမင်းရင့်ရော်နေတဲ့ကျောက်ဆောင်ကြီးတွေက
တေးဆိုလို့ချော့သိပ် ။
အိပ်ချင်ခဲ့ပါပြီ
ညပန်းချီထဲက မပီသတဲ့လတစ်စင်းကို
ရွှေထမင်းခွံ့လိမ့်နိုး
လူမမည်တစ်ယောက်လို ငါမမျှော်ကိုးတော့လို့
မျက်လုံးတွေကအော်ဟစ်ငြီးငြူလာပေါ့ ။
ငါ့အိပ်ယာဆီပြန်ပို့ပါတော့
နေ့ခင်းအိပ်မက်မှော်ဆရာ
လှေ ‚ ကျောက်ဆောင်‚ လမင်း
ဖန်ဆင်းပြတဲ့ အလှတရား
ငါ.....စိတ်မဝင်စားတော့လို့. ။
ဘာ..........
ဒီကဗျာဟာ လုံးကြီးပေါက်လှဖြစ်ဖို့
ဘယ်လောက်တောင်ပျိုးထောင်နေရဦးမှာလည်း
တကယ်တော့......ငါဟာ
အသီးကင်းနဲ့ရိတ်သိမ်းခံလိုက်ရတဲ့ကောက်ပင်ပါ ။ ။
မင်းကျန် ( ချောက်​)

ကဗျာ ၃

စာပေ၊ကဗျာချစ်သူများစုဝေးရာ(အချစ်စစ်နှင့်သူငယ်ချင်းများ)
14 June at 15:10 ·
နင်ကသေဆိုသေ
နင်ကရှင်ဆိုရှင်
နင်ကြိုးဆွဲရာကဖို့ ငါ့ဘဝလေးကို
နင့်လက်ထဲအပ်ဖို့ ငါကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ
သူများတွေလို ကိုယ့်ချစ်သူပျော်ရွှင်ဖို့အတွက်
စွန့်လွှတ်အနစ်နာခံမှာမဟုတ်ပါဘူး
နင့်အနားမှာတစ်သက်လုံးနေပြီး နင့်လက်ကိုတွဲပြီးနင့်အတွက်တစ်သက်လုံးအနစ်နာခံ
သွားမှာပါ ချစ်သူ နင်နေမကောင်းတဲ့အခါပြုစုဖို့ နင့်အနားမှာငါရှိနေမယ် နင်ချမ်းတဲ့အခါ ငါ့ရင်ခွင်ထဲမှာ နင့်ကိုထွေးပွေ့ထားဖို့ နင့်အနားမှာငါရှိနေမယ်
နင့်ရဲ့လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့ နင့်အနားမှာ ငါတစ်သက်လုံးရှိနေမှာပါ .............
နင်ဟာငါ့ဘဝရဲ့ ဟိုးငယ်ငယ်လေးထဲက တစ်ဦးတည်းသော ငါ့နှလုံးသားရဲ့ ပိုင်ရှင်လေးပါ ချစ်သူရယ်........

ကဗျာ(၂)

နည်းနည်းလေးချစ်ပြီး အကြာကြီးချစ်ပါရစေ > စာပေ၊ကဗျာချစ်သူများစုဝေးရာ(အချစ်စစ်နှင့်သူငယ်ချင်းများ)
စိန်ခေါ်သံ

ရင်ခုံသံနွံထဲ....ငါနစ်မွန်းဖို့...
ဝမ်းသာအားရ...ပြေးလာခဲ့မယ်...ချစ်သူ....

မင်းကြိုက်သလိုကြိုဆိုပါ.....
ရင်ကိုခင်းပြီး...............
မင်းကို.......ပေးနင်းခဲ့တဲ့ကောင်ပါကွ......

........“ဘာကိုမှမမှုဘူး”.......
ကြမ္မာဆိုးတွေ...ကြိုက်သလောက်လာခဲ့......
ငါ....အသက်ထွက်ခဲ့ရင်တောင်.....
.မင်းမျက်ရည်....မြေမခနဲ့......
Photos from နည်းနည်းလေးချစ်ပြီး အကြာကြီးချစ်ပါရစေ's post in စာပေ၊ကဗျာချစ်သူများစုဝေးရာ(အချစ်စစ်နှင့်သူငယ်ချင်းများ) ·

စာ​ပေ ၁

ရ င် နာ လို က် တာ

တဲ့အချိန်ကျမှ ငါ့တို့ ကိုငြိုငြင်နေကြပြီပေါ့
မိဘတိုင်းသားသမီးကို မကောင်းဘူး
တဲ့လား
ကိုးလလွယ်ဆယ်လဖွား စောင့်ရှောက်ခဲ့
ရတဲ့ဒုက္ခတွေကို ဘယ်လိုပင်ပမ်းစွာဖြတ်
သန်းခဲ့ရတယ်ဆိုတာ မင်းတို့ လေးတွေ
နားမလည်နိုင်ပါဘူးလေ
မင်းတို့ ပညာတတ်ကြီးတွေဖြစ်အောင်
သင်ပေးခဲ့ရတဲ့ပညာတွေ
ငယ်ငယ်ကအမှားပေါင်းများစွာကျုးလွန်
ခဲ့လို့ အမှန်ကိုပြင်ပေးသင်ပေးခဲ့ရတာတွေ
အများကြီးပါ ငါတို့ အသက်ကြီးလို့ 
မှားယွင်းခဲ့တဲ့အခါကျတော့မှ ငါတို့ ကို
ပြင်ပေးဖို့ မစဉ်းစားပဲ အပြစ်ပြောကြပြီပေါ့
နိုချိုတိုက်ကျွေး ထမင်းဝါးကျွေး မစင်သုတ်
ပေးခဲ့ရတာတွေဟာ မရေမတွက်နိုင်
လောက်အောင်ပါပဲ ငါတို့ ကို တကြိမ်တခါ
တောင်ပြန်ပြီး ပြုစုခဲ့ပေးဘူးလား
ငါတို့ မိဘတွေဆိုတာကလည်း ပုထုစဉ်
တွေပါ အမှားမကင်းနိုင်ကြပါဘူး မင်းတို့ 
ကိုသင်ပေးခဲ့တဲ့ပညာတွေနဲ့ ငါတို့ ရဲ့အမှား
တွေကို ပြင်မပေးနိုင်ဘူးလား
မင်းတို့ စားနေတဲ့ ထမင်းတလုတ်
မင်းတို့ ရှူ နေတဲ့ အသက်တရှူ ဟာ
ငါတို့ ကျေးဇူးနဲ့ ကင်းတယ်လို့ မင်းတို့ တွေ
ထင်နေလား မင်းတို့ တွေ ကောင်းမှူ့ 
ကုသိုလ်ပြု လုပ်နိုင်ကြတာဟာ
ဘယ်သူ့ ကြောင့်လဲလို့  တခါလောက်များ
စဉ်းစားမိကြရဲ့လား
သားသမီးတွေကို သတ်တဲ့မိဘတွေ
တောင်ရှိကောင်းရှိကြပါလိမ့်မယ် အဲဒါ
တွေဟာ မောဟနဲ့ ဒေါသပေါင်းစပ်ပြီး
ဖြစ်သွားတဲ့အကြောင်းတရားတွေပါ
မင်းတို့ ကိုမုန်းတီးလို့ ရည်ရွယ်ပြီးသတ်
တာမဟုတ်ဘူးဆိုတာ ယုံကြည်လိုက်ပါ
မင်းတို့ လောက်အမြင်မကျယ်ခဲ့တာ
မင်းတို့ လောက်ပညာမတတ်ခဲ့တာဟာ
မင်းတို့ ကိုအမြင်ကျယ်အောင် ပညာတတ်
အောင် ပြု စုပျိုးထောင်နေရလို့ ငါတို့ 
အတွက်အချိန်ပိုမရှိလို့ ပါ

မင်းတို့ ကိုပြု စုလုပ်ကျွေးခဲ့တဲ့အချိန်တွေ
တုန်းက မင်းတို့ ကို လုပ်ကျွေးရလို့ 
မင်းတို့ အတွက်ပေးဆပ်ရလို့ ငါတို့ ရဲ့
ညည်းသံတွေကို ဘယ်နှစ်ခါများ
ကြားဘူးကြလဲ
မင်းတို့ အလှည့်ကျမှ
အမေတို့ အဖေတို့ ကလည်း တဲ့လား
အေးအေးဆေးဆေးမနေနိုင်ဘူးတဲ့လား
မှားရင်တော့ ပြောရမှာပဲတဲ့လား
နေရာတကာပါတယ်
ပစိပစပ်နိုင်တယ် တဲ့လား
ရှိပါစေတော့လေ------------------
ငါတို့ က မင်းတို့ ကို
မှီခိုနေရမှတော့
မင်းတို့ လက်ခုပ်ထဲက ရေပဲပေါ့
မင်းတို့ ငယ်ငယ်က
ငါတို့ မိဘအိမ်ပဲ နေချင်သလိုနေမယ်
စားချင်သလိုစားမယ်ဆိုပြီး
အားမနာတမ်းစားခဲ့ပေမဲ့
အားမနာတမ်းနေခဲ့ပေမဲ့
အခုအချိန်မှာ
မင်းတို့က့ ငြိုငြင်နေပြီလေ့
ငါတို့ က
ငါတို့ သားသမီးပဲဆိုပြီး
ဘယ်လိုများ စားရဲဦးမှာလည်း
ငါတို့ မှာ့
မင်းတို့ မှ မကျွေးရင်
ကျွေးမဲ့သူမရှိပါဘူး
ဒီတော့လည်း
မင်းတို့ မကြားနိုင်တဲ့
ရှိုက်သံလေးတွေနဲ့ 
စား နေ ရ ဦး မှာ ပဲ ပေါ့

ဦးမြင့်ခိုင် စိတ်ပညာ

Wednesday, 24 June 2015

ဖေ့ဘွတ်​နည်းပညာ

POKE အကြောင်း
Facebook ရဲ့  Timeline ဗားရှင်းအသစ်မှာလည်း Poke ဆိုတဲ့ Function လေးပါတယ်။ လူတစ်ယောက်ကို Poke လုပ်တယ်၊ Poke လုပ်တယ် ဆိုတာ အစက သေသေချာချာ မသိပါဘူး။
 နည်းနည်းလေးတော့ သိပါတယ်။ စစချင်း သိထားတုန်းက Poke တယ်ဆိုတာ စတယ်လို့သိထားခြင်း ဖြစ်ပါတယ်။ စာတွေပြန်ရှာ ဖတ်ကြည့်တော့လည်း Poke တယ်ဆိုတာ စ,တာပါပဲ။
 ဇူကာဘတ် အနေနဲ့ Timeline အသစ်မိတ်ဆက်ပွဲတုန်းက Poke အကြောင်းကို ပြောပြခဲ့ပါတယ်။ Poke တယ်ဆိုတာ လူတစ်ယောက်ယောက် ကို ကိုယ့်ကို သတိထားမိအောင် စိတ်ဝင်စားအောင် လက်သွားတို့တဲ့ သဘောဖြစ်ပြီး သူ Poke, ကိုယ် Poke နဲ့ တစ်ဖက်က မရပ်မချင်း Poke War ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မခင်သေးသူများ၊ ခင်ချင်သူများအတွက် အပျော်တန်း သုံးဖို့ထားထား တာလေးပါ။ ခင်ပြီးသား Friend တွေလည်း အားအားနေ လိုက် Poke နိုင်ပါတယ်။ Friend List ထဲ ရှိပြီးသား သူငယ်ချင်းတွေလည်း တစ်ယောက်တစ်လည့် Poke နိုင်ပါတယ်။

ဒီတော့ ကိုယ်က Friend မဖြစ်သေးတဲ့ သူတစ်ယောက်ယောက်ကို သွား Poke ပြီဆိုရင် အ Poke ခံရသူအနေနဲ့ လာ Poke တဲ့ သူရဲ့  Wall ကို အတားအဆီးမရှိ ဝင်ကြည့်လို့ရပါပြီ။ Friend List ထဲကလူတွေ မြင်ရ သလိုပဲ မြင်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါက ၃ ရက်အတွင်းမှာပါပဲ။ ဒီလိုနဲ့ သူက ကိုယ့်ကို လာ Poke လို့ တို့လည်း ပြန် Poke ပြီဆိုရင် နှစ်ဖက် စလုံးက တစ်ဖက်ဆီကို ၃ ရက် မြင်ခွင့်၊ ကြည့်ခွင့် ရမှာ ဖြစ်ပါတယ်။

ဒီတော့ တစ်ယောက်နဲ တစ်ယောက် ဓာတ်ပုံတွေကြည့်၊ Profile တွေဖတ်ပြီး ခင်ချင်ရင် Add လုပ်နိုင်ပြီး မခင်ချင်လည်း မ Add ပဲ နေလို့ရပါတယ်။ သို့တည်းမဟုတ် အ Poke ပြိုင်ပွဲ (Poke War) ဆော့ချင်တယ်ဆိုရင် လည်း ဆော့လို့ရပါတယ်။ ကိုယ်ကချည်း လိုက် Poke နေပြီး ဟိုက ပြန်မPoke ဘာလားဖြစ်နေလည်း ကိစ္စမရှိပါဘူး။ ဟိုက Block တာ ခံရရင်တော့ တစ်မျိုးပေါ့။

Poke မယ်ဆိုရင် Friend ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ် Poke ချင်တဲ့ သူရဲ့  Timeline ကိုဝင် Timeline Cover အောက်က Message ဆိုတဲ့ စာလေးက Setting sign ကို ကလစ်နှိပ်လို့ Poke ဆိုတာလေးကို ရွေး Click နှိပ်ရ မှာ

Saturday, 13 June 2015

ကဗျာ

________(အလှမ်းဝေးမဲ့ပန်း မပေးချင်ပါ)___________

အိမ်မတ်တစ်ခု သတိပြုမိချိန်
လေလွှင့်တဲ့ ကောင်းကင်ပြင်မှာ တိမ်လွှာကြားက အပြုံးမျက်နှာ...
ချစ်သူစကားတစ်ခွန်း အမှတ်ရချိန်
အမုန်းငွေ့တွေ ဝိုင်းရံနေတဲ့ မျက်ဝန်းအိမ်ကြားက သူ့မျက်ရည်တွေ...
ပန်းမပေးပါနဲ့ သူ့စကားကို အမှတ်မထားခဲ့တဲ့ကိုယ်
ပန်းပေးလို့ အလှမ်းဝေးမယ် ကြိုသိခဲ့ရင်
ကိုယ်ပေးတဲ့ပန်း အချိန်မှီပြန်ရုပ်သိမ်းခဲ့မှာပါ...
သို့ပေမယ့်............