ပြိုင်ပွဲဝင်မည့် ကဗျာ
~~~~~~~~~~~
ဓူဝံကိုပန်ခူးမယ့် ကဗျာဟာ
ကမ္ဘာမြေမှာ ခြေတစ်ဖက်စာနေရာယူထားလေရဲ့
တကယ်တော့ သူမဟာ
နတ်ဆိုးကျိန်စာ မိနေသူတစ်ယောက်၊
စွန်းထင်းညစ်ထေးနေတဲ့ မဟူရာသက္ကရာဇ်တွေကို
တစ်ပွေ့တစ်ပိုက်စာထမ်းပိုးရင်း
မုသားစစ်စစ်တွေကို သေကောင်ပေါင်းလဲသုတ်သင်နေခဲ့သူ ။
နေဝန်းကအသူတရာမကတဲ့ချောက်ထဲခုန်ဆင်းနေခဲ့ပေါ့
သူမကတော့
ခေါင်းပန်းမှားတဲ့ကြေးပြားတစ်စေ့ကြောင့်
လျော်ကြေးထပ်ခဲ့ရတာတောင်အမှတ်မရှိ
သားစာသမီးစာတဲ့လေ
ငွေရည်စိမ်သံမဏိတစ်ပြားစာ
ပြိုင်ပွဲဝင်ဦးတော့မည့် ကဗျာ ။ ။
မင်းကျန် ( ချောက် )
Photos from Min Kyan's post in စာပေ၊ကဗျာချစ်သူများစုဝေးရာ(အချစ်စစ်နှင့်သူငယ်ချင်းများ) · 14 June ·

0 comments:
Post a Comment